Skip to main content

ပီကင်း-ဘဲကင် ပြုလုပ်နည်း

ဒီနေ့ တရုတ်ပြည် ပေကျင်းမြို့မှာ စားသုံးကြတဲ့ တရုတ်ပီကင်း-ဘဲကင်နည်းကို တင်ပေးလိုက်ပါတယ်။
ပီကင်းဘဲကင်ဟာ ရှေးတရုတ်အင်ပါယာရဲ့ တော်ဝင်အစားအစာတစ်ခုဖြစ်ပြီး နောက်ဆုံးမင်းဆက်အထိ စားသောက်ခဲ့ကြတဲ့ ဟင်းလျာတစ်မျိုးလဲဖြစ်ပါတယ်။
ပီကင်းဘဲကင်ကို ကင်တဲ့အခါ သလဲသားထင်း နဲ့ စွန်ပလွန်သားထင်တို့ကို အသုံးပြုပြီး ကင်တဲ့အခါ ပိုမိုအနံ့ကောင်းမွန်တယ်လို့လဲ သိရပါတယ်။
ပီကင်းဘဲကင်ကို စားသောက်ကြတဲ့အခါမှာ ကော်ပြန့်ကဲ့သို့သော ဂျုံပြားလေးတွေထဲမှာ ဘဲကင် ၊ ကြက်သွန်မြိတ် ၊ Sauce စတာတွေကို လုံးထည့်ပြီး စားသောက်ကြပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပီကင်းဘဲကင် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ -
ဘဲ - ၁ ကောင်
White Vinegar - 1 teaspoon
ခရုဆီ - ၂ ဇွန်း (ထမင်းစားဇွန်း)
တရုတ်မဆလာ - ၁ ထုတ် (နမူနာပုံစံမှ အထုတ်အတိုင်း)
ကပ်စေးနှဲ - ၂ ဇွန်း (ထမင်းစားဇွန်း)
Cooking Wine - ၁ ဇွန်း (ထမင်းစားဇွန်း)
ဘဲတွေကို ရေသန့်စင်စွာ ဆေးကြောပြီးနောက် ဘဲတောင်ပံများ နှင့် အဆီဗူးများအား ဖြတ်ထုတ်ပါ။ ထို့နောက် ရေခြောက်သည်အထိ ချိတ်ဆွဲ အခြောက်ခံထားပါ။

CP မွေးမြူရေးဘဲထက် ရိုးရိုးဘဲက ပိုမိုကောင်းမွန်ပါတယ်။
မွေးမြူရေးဘဲများဟာ ကင်တဲ့အခါမှာ မလိုလားအပ်တဲ့ ဆီတွေ အရမ်းထွက်တဲ့အတွက် သိပ်မကောင်းပါဘူး။“
 
အခြောက်ခံထားသော ဘဲများအား ဆူပွက်နေသော ရေနွေးပူဖြင့် လောင်းပါ။“

တရုတ်မဆလာ + ခရုဆီ တို့ကို ပန်းကန်လုံးတစ်ခုထဲတွင် ရောစပ်ထားပါ။
တရုတ်မဆလာမှာ တံဆိပ်အမျိုးမျိုးရှိပြီး ပိုမိုကောင်းမွန်သောအရသာ ရချင်ရင်တော့ ယခုတံဆိပ်ကဲ့သို့သော တရုတ်မဆလာမျိုးကို ရန်ကုန် လမ်းမတော် ၊ တရုတ်တန်း ၊ လသာ တ၀ိုက်တွင် ၀ယ်ယူနိုင်ပါသည်။


ရောစပ်ထားသော Cooking Wine + ခရုဆီ နှင့် တရုတ်မဆလာတို့အား ဘဲ၏ ဗိုက်အတွင်းသို့ အရသာဝင်စေရန် ထည့်ပါ။

ဒါကတော့ ကျွန်တော်တို့အရပ်မှာတော့ ကပ်စေးနှဲလို့ခေါ်ပါတယ်။ Maltose ပါ။ လမ်းမတော် -တရုတ်တန်း-လသာ ၀န်းကျင်က တရုတ်ဆိုင်တွေမှာ ရပါတယ်။

ဒီလိုမျိုး စေးစေးပိုင်ပိုင်နဲ့ပါ။
မြေပဲယို ၊ နှမ်းယို စတာတွေ ပြုလုပ်တဲ့အခါ ခဲအောင် ထည့်သွင်းကြပါတယ်။


အဲ့ဒိ ကပ်စေးနှဲ ထမင်းစားဇွန်း (၂) ဇွန်းကို ရေနွေးနဲ့ ပျော်တဲ့အထိ ဖျော်ပါ။ထို့နောက် ကပ်စေးနှဲအရည်များအား ဘဲ၏ အရေပြားအနှံ့သို့ သုတ်လိမ်းပါ။

“ဗိုက်အတွင်းရှိ အရသာများ ထွက်မသွားစေရန် ဘဲ၏ဗိုက်အား သွားကြားထိုးတံ (သို့) BBQ Stickစသည်တို့ဖြင့် ထိုးပြီး ပိတ်ထားပါ။
ဒါဆို ကင်လို့ရတဲ့အနေအထားရပါပြီ။


180 degree C အပူချိန်ကြိုတင်ပေးထားတဲ့ Oven ထဲမှာ အပေါ်မျက်နှာပြင်အတွက် မိနစ် (၂၀) ကင်ပါမယ်။
အပေါ်မျက်နှာပြင် မိနစ် (၂၀) ပြည့်သွားပါက 180 degree C ဖြင့်သာ အောက်မျက်နှာပြင်အား မိနစ် (၂၀)ခန့် ထပ်မံကင်ပါမယ်။

မျက်နှာပြင် နှ်စ်ဖက်လုံးကင်ပြီးပြီဆိုရင်တော့ 100 degree C သို့ လျှော့ချပြီး နောက်ထပ် မိနစ် (၂၀) ခန့် ထပ်မံကင်ပါမယ်။


ဒယ်အိုးတစ်ခုထဲတွင် စားဆီ (သို့) နှမ်းဆီ (သို့) နေကြာဆီ ကို ပူခြစ် ဆူပွက်နေသည်အထိ တည်ထားပါ။

ထို့နောက် ကင်ထားသော ဘဲ၏ မျက်နှာပြင်အနှံသို့ ဆူပွက်နေသော ဆီများအား ဇွန်းဖြင့် ဖြည်းဖြည်းချင်း လောင်းချပေးပါ။ အပေါ်အရေခွံများ နီရဲလာပါမည်။

လက်အား ဆီပူမလောင်စေရန် အထူးဂရုစိုက်ပါ။

ဆီပူလောင်းပြီးပြီဆိုရင် Oven ထဲ ပြန်ထည့်ပြီး အပူချိန် 180 degree C ဖြင့် 6-မိနစ်မှ ၁၀ မိနစ်ခန့် ကင်ပါ။ ထိုသို့ ကင်ခြင်းဖြင့် အရေခွံလေးတွေဟာ ကြွပ်ပြီး စားလို့ကောင်းပါတယ်။



ဒါဆိုရင် နူးည့ကောင်းမွန်တဲ့ ပီကင်း ဘဲကင်ကို ရရှိပါပြီ။

#Crd ChanSittLynn









 

Comments

Popular posts from this blog

အသားတုပြုလုပ်နည်း

Vegetarian Meat အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။ ပါဝင်ပစ္စည်း ********* ဂျုံ (All Purpose Flour)- တစ်ကီလို ရေ - ၅၀၀ ml ပြင်ဆင်ပြုလုပ်ပုံ ************ ၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။ ၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။ ၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။ ၄•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။ ၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှ...

ဆော့စ်​လုပ်​နည်း အမျိုးမျိုး

ဘိတ်ချဉ်.... ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်.. . ပြုလုပ်ပုံ.... ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး. . သံပုရာသီး နှစ်စိတ်လောက်ညစ်ထည့် . ဆား သကြား..အနည်းငယ်စီထည့်. ပဲငံပြာရည်​ အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလို က်ရင်ရပီ... ======================================= ဒါက ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .ဥပမာ ငါးကင် ပုစွန် ကင်... ပြုလုပ်ပုံ...       ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ ပထမဆုံးငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာညက်အောင်ထောင်း...မ န်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော် ထား.ဆား သကြား အရသာမူန့်အနည်းငယ်ထည့်ပြီးေ ရာသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ် . ====================================== ဒါက အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ .... မန်းကျည်းရည်ပျစ်ပျစ်လေးဖျော်... ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့် ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင်...

ချစ်တီးမဆလာပြုလုပ်နည်း

- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“   “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...