Skip to main content

ဆော့စ်​လုပ်​နည်း အမျိုးမျိုး

ဘိတ်ချဉ်....
ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်...
ပြုလုပ်ပုံ....
ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး..
ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး..
သံပုရာသီး နှစ်စိတ်လောက်ညစ်ထည့် .
ဆား သကြား..အနည်းငယ်စီထည့်.
ပဲငံပြာရည်​ အပျစ်အကျဲအနည်းငယ်စီ..
ရေ အနည်းငယ်ရယ်.ရောပီးသမပေးလိုက်ရင်ရပီ...






=======================================
ဒါက ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .ဥပမာ ငါးကင် ပုစွန် ကင်...
ပြုလုပ်ပုံ...

    ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ
ပထမဆုံးငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး
ဆုံထဲမှာညက်အောင်ထောင်း...မန်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော်ထား.ဆား
သကြား အရသာမူန့်အနည်းငယ်ထည့်ပြီးရောသမမွှေပေးရင်
ရပီ..ရိုးရှင်းပါတယ် .

======================================


ဒါက အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ....
မန်းကျည်းရည်ပျစ်ပျစ်လေးဖျော်...
ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့်
ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင် ထန်းလျှက်တစ်လုံးလောက်ထည့်ထောင်း..အားလုံးညက်ပီဆို
စောစောကဖျော်ထားတဲ့မန်ကျည်းရည်ထည့် ဆား အရသာမူန့်
ထည့် နံနံပင်ပါးပါးလှီးထားတာထည့် ငရုတ်သီး အကျက်မူန့်ထည့်ပြီးအားလုံးကိုရောသမမွှေပေးရင်ရပီ..

==================================







ဒါကတော့ ထိုင်းဆောစ့်....
အခု အိမ်ရှင်မတွေက ထိုင်းဟင်းလျှာတွေကိုစိတ်ဝင်စားလာတော့ ကိုယ်လည်းလေ့လာမိသလောက်ပေါ့...
ကြက်သွန်ဖြူ ငရုတ်သီး စိမ်းအရင်ညက်အောင်ထောင်း..နံနံပင်အမြစ်လေးသုံးပင်
လောက်ထည့် ထန်းလျှက်ထည့်အားလုံးရောထောင်း.
ညက်ပီဆို.သံပုရာသီး တစ်ခြမ်းညစ်ထည့် ဆား သကြား.
ယိုးဒယား ငံပြာရည်​ ပဲငံပြာရည် အကျဲ အနည်းငယ်စီ
ဆန်လှော်မုန့် ထမင်းစားဇွန်းတစ်ဇွန်းခွဲလောက်ထည့်ပြီးသမအောင်မွှေပေး
ကြက်သွန်နီ ဥသေးတစ်လုံး ပါးပါးလှီးထည့် နံနံပင်ပါးပါးလှီးထည့်ရင်ရပီ...ဒီဆော့စ့်က..ထိုင်းစတိုင်အသုပ်
တွေနဲ့ .အကင်တွေနဲ့တွဲဖက်စားကြတာများပါတယ်...
==================================
ဒါက အသားကင်နဲ့တွဲဖက်စားရတဲ့ဆောစ့်တစ်မျိုး..ရှမ်းပြည်ဖက်မှာပိုအစားများတယ်..ဥပမာ ဝက်သားကင်..ငါးကင်...ဝက်ဂုတ်သားကင်.သုံးထပ်သားကင်..
တို့နဲ့တွဲစားရင်ပိုလိုက်ဖက်တယ်..
မန်ကျည်းရည်ပျစ်ပျစ်ဖျော်ထား...
ကြက်ဖြူ နှစ်မွှာ ဂျင်းလက်တစ်ဆစ် ငရုတ်သီးစိမ်း ထောင်းထား..သကြား.(သို့)ထန်းလျှက် လည်းထည့်ထောင်း.
မြေပဲလှော်ကို ညက်ညက်လေးထောင်းပြီးထည့်မယ် နှမ်းလှော်
ထည့်မယ် ဆား အရသာမူန့် အနည်းငယ် စီထည့် နံနံပင်ပါးပါးလှီးထား တာထည့် အားလုံးရောသမမွှေလိုက် .
အရသာက ချိုချဉ်စိမ့်မွှေးစပ်လေးပါ...ပျစ်​ပျစ်​နှစ်​နှစ်​ လေးဖြစ်နေရပါမယ် အရည်ကျဲကြီးမဖြစ်ရပါ...

==================================


ဒါက ဖက်​ထုပ်​ကြော်..ဖက်ထုပ်ပြုတ်ကြော်တို့နဲ့တွဲစားရတဲ့ဆောစ့် ..
မန်းကျည်းမှည့်ကို ရေသေချာဆေးပြီးမှ အရည်ဖျော်ပြီးအနည်ထိုင်ထား..အပေါ်က အရည်ကြည်ကိုပဲ
ယူမှာပါ..
ဂျင်းကို ပါးပါး​လေး အမျှင်လေးတွေကို လှီးတတ်ဖို့တော့လိုပါတယ်...မိမိတို့အိမ်မှာ အသီးတွေအခွံနွှာတဲ့ ဓားနဲ့ ဂျင်းကိုအခွှံနွှာပါ ..အသုံးပြုမည့်ဂျင်းက နုနုလေးနဲ့လတ်ဆတ်ပါစေ...အခွံနွှာတဲ့
ဓားနဲ့ပဲ ဂျင်းကို အာလူးပါးပါးလေးတွေလှီးသလိုမျိုး ညီညီပါးပါးလေးတွေရအောင်လှီးပီးမှ စင်းနှီတုံးပေါ်မှာ အမျှင်ရှည်လေးတွေဖြစ်အောင် သေချာဂရုစိုက်ပီးပါးပါးလှီးပေးပါ.ပြီးရင်ရေသေချာပြန်ဆေ
ပေးပါ .ဒါမှစားတဲ့အခါ အာမပူအောင်လို့ပါ..
ငရုတ်သီးစိမ်း ကိုပါးပါးလှီးပေး ထား..
အနည်ထိုင်ပီးအပေါ်က မန်ကျည်းရည် အကြည်ရယ်
ဂျင်းပါးပါးလှီးထားတာရယ် ငရုတ်သီးစိမ်း.ဆား သကြား
(သို့)အရသာမူန့် အနည်းငယ်ရယ်ကိုရောမွှေပေး..အပေါ်ကနေနှမ်းလှော်နဲ့နံနံပင်ဖြူးပေးရင်ရပီ .


Credit လှိုင်​လှိုင်
=================================




  






Comments

Popular posts from this blog

အသားတုပြုလုပ်နည်း

Vegetarian Meat အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။ ပါဝင်ပစ္စည်း ********* ဂျုံ (All Purpose Flour)- တစ်ကီလို ရေ - ၅၀၀ ml ပြင်ဆင်ပြုလုပ်ပုံ ************ ၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။ ၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။ ၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။ ၄•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။ ၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှ...

ချစ်တီးမဆလာပြုလုပ်နည်း

- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“   “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...