- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“ “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...