Skip to main content

ငါးသံပုရာပေါင်း (ပြုလုပ်နည်း ၂ နည်း)

ငါးသံပုရာပေါင်း (ပြုလုပ်နည်း ၂ နည်း)
ပထမနည်း
-----------------
အိစံအိမ်မှာလုပ်စားဖူးတဲ့ ငါးသံပုရာပေါင်းထဲမှာတော့ ဒီနည်းကို အကြိုက်ဆုံးပါပဲ။ ဒီနည်းက ယိုးဒယားငံပြာရည်ကိုသုံးထားပြီး ချဉ်ငံစပ်လေးမို့ လို့ မြန်မာပါးစပ်နဲ့ အရမ်းကိုကိုက်ပါတယ်။ အရည်ကိုလဲ ထမင်းနဲ့ စမ်းစားလို့ ကောင်းလို့ ထမင်းမြိန်စေမယ့် ဟင်းလေးပါ။
ပါဝင်သောပစ္စည်းများ
၁။ စလားဗီးယားငါး (သို့ ) ကကတစ်ငါး - ၁ ကောင်
၂။ ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ ရေ - ၁ ခွက်
၎။ သံပုရာသီး -၁ လုံး
၅။ ငရုတ်သီး - ၃ တောင့် (သို့ )၅ တောင့်
၆။ ယိုးဒယားငံပြာရည် -ထမင်းစားဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ကြက်သွန်ဖြူ - ၂ တက်
၉။ ဂျင်း - လက်တ ဆစ်
ပြုလုပ်နည်း
၁။ ငါးကိုရေဆေးရ်ျ ရေစစ်ထားပြီး ပန်းကန်ပြားတခုထဲထည့်ထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို ကပ်ကျေးဖြင့် အလယ်မှနေရ်ျ ဒေါင်လိုက်ညှပ်ထားပါ။
၂။ ဂျင်းကို ညက်အောင်ထောင်းပြီး ဂျင်းမှအ၇ည်ကို ငါးရဲ့ ၂ဖက်လုံးပေါ်ကို ညှစ်ချပါ။ (ဂျင်းဖတ်များမယူပါ။)
၃။ ကြက်သားမှုန့် ကို ရေ တခွက်ထဲတွင် ပျော်သွားအောင်ဖျော်ပါ။
၎။ ကြက်သားမှုန့် ဖျော်ထားသောအရည်ထဲမှ ထမင်းစားဇွန်း ၂ ဇွန်းကို ငါးပေါ်ဆမ်းပါ။ ပြီးနောက် ပေါင်းအိုးထဲတွင်ငါး ကို ၁၅ မိနစ်ခန့် ပေါင်းပါ။ ပေါင်းပီး ထွက်လာသောအရည်များကိုသွန်ပဟ်လိုက်ပါ။
၅။ ဒယ်အိုးတခုထဲတွင် ကျန်သောကြက်သားမှုန့်ေ၇ဖျော်ထားသော အ၇ည်ကို တည်ပါ။ ထို့ နောက် ကြက်သွန်ဖြူ နှင့် ငရုတ်သီးထည့်ပါ။
၆။ ငံပြာရည် နှင့် သကြားကို ထည့်ပါ။ သံပုရာသီးကို အလှဆင်ရန် သုံး ၀ိုင်းလှီးပြီး ကျန်တာကို အ၇ည်ညှစ်ယူပါ။ သံပုရာ၇ည်ကိုနည်းနည်းချင်းထည့်ရ်ျ အ၇သာမြည်းကြည့်ပါ။
၇။ ပြီးလျှင် အိုးထဲမှ အရည်ကို ငါးပေါ်ကိုလောင်းချလိုက်ပါ။ သုံးဆောင်နိုင်ပါပြီ။
====================================
ငါးသံပုရာပေါင်း (ဒုတိယနည်း)
----------------------------------------
ငါးသံပုရာပေါင်းကို အမျိုးမျိုးလုပ်စားတဲ့ နည်းထဲကမှ ဒါကနောက်တနည်းပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အ၇င်နည်းနဲ့ လဲ အ၇မ်းတော့ သိပ်မကွာပါဘူး။ အ၇င်နည်းက ငံပြာရည်သုံးတယ်။ ဒီနည်းကတော့ ပဲငံပြာရည်သုံးထားပါတယ်။ နံနံပင်နဲ့ ကြက်သွန်မြိတ်ကို အပေါ်ကနေ များများထည့်ထားပါတယ်။ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကကတစ်ငါး (သို့ ) စလားဗီးယားငါး - ၁ ကောင်
၂။ ကြက်သွန်ဖြူ - ၃ မွှာ
၃။ ငရုတ်သီးစိမ်း - ၃ တောင့်
၎။ ကြက်သွန်မြိတ် - ၂ ပင်
၅။ နံနံပင် - ၅ ပင်
၆။ ဂျင်း - လက်တဆစ်
၇။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၈။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၁၀။ သံပုရာသီး - ၁ ခြမ်း
၁၁။ ရေ - ၁ ခွက်
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ငါးကို သန့် စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ။
၂။ သန့် စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအ၇ည်များညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ ခန့် ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အ၇ည်များကို သွန်ပစ်ပါ။ (အညှီနံ့ များပါသွားပါလိမ့်မည်။)
၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။
၎။ ဒယ်အိုးတခုထဲတွင်ေ၇ထည့်၊ ကြက်သားမှုန့် ၊ သကြား(သို့ ) အချိုမှုန့် ၊ ပဲငံပြာရည် တို့ ကို ထည့်ရ်ျ ဆူလာအောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ထည့်၇်ျ ငရုတ်သီး အနံ့ မွှေးလာသည်အထိတည်ပါ။ ငရုတ်သီး အနံ့ မွှေးလာလျှင် မီးဖိုကို ပိတ်ရ်ျ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လိုသလောက်ထပ်ထည့်ပါ။)
၅။ ပြုလုပ်ထားသော အ၇ည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။
၆။ အ၇သာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။
#Crd


 

Comments

Popular posts from this blog

အသားတုပြုလုပ်နည်း

Vegetarian Meat အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။ ပါဝင်ပစ္စည်း ********* ဂျုံ (All Purpose Flour)- တစ်ကီလို ရေ - ၅၀၀ ml ပြင်ဆင်ပြုလုပ်ပုံ ************ ၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။ ၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။ ၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။ ၄•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။ ၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှ...

ဆော့စ်​လုပ်​နည်း အမျိုးမျိုး

ဘိတ်ချဉ်.... ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်.. . ပြုလုပ်ပုံ.... ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး. . သံပုရာသီး နှစ်စိတ်လောက်ညစ်ထည့် . ဆား သကြား..အနည်းငယ်စီထည့်. ပဲငံပြာရည်​ အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလို က်ရင်ရပီ... ======================================= ဒါက ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .ဥပမာ ငါးကင် ပုစွန် ကင်... ပြုလုပ်ပုံ...       ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ ပထမဆုံးငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာညက်အောင်ထောင်း...မ န်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော် ထား.ဆား သကြား အရသာမူန့်အနည်းငယ်ထည့်ပြီးေ ရာသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ် . ====================================== ဒါက အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ .... မန်းကျည်းရည်ပျစ်ပျစ်လေးဖျော်... ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့် ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင်...

ချစ်တီးမဆလာပြုလုပ်နည်း

- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“   “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...