Skip to main content

ပန်းသီးကြော်

ပန်းသီးကြော် (Donut ဆိုင်တွေ မှာေ၇ာင်းတဲ့ Apple Fritter)
တချို့ ပန်းသီးတွေက ၀ယ်ပြီး၇င် အ၇မ်းမာနေတာတို့ မချိုတာတို့ ဆိုရင် ဂျုံနဲ့ ကြော်စားကြည့်ပါ။ အ၇မ်းကောင်းပါတယ်။ လုပ်ရတာလဲလွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
ပန်းသီး အခွံနွာပြီးအတုံးလေးတွေတုံး (၃ခွက်)
ဂျုံ မှုန့်  ၁ခွက်ခွဲ
သကြား- ထမင်းစားဇွန်း ၁ ဇွန်း
baking powder -လက်ဖက်ရည်ဇွန်း ၂ ဇွန်း - (ရိုးရိုးဆော်ဒါ ကိုသုံးရင် ဆော်ဒါ အနည်းငယ်)
ဆား လက်ဖက်ရည်ဇွန်း တ ၀က်
နွားနို့ - ခွက်သုံးပုံ နှစ်ပုံ
ကြက်ဥ ၂လုံး
ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ဂျုံ ၊ူသကြား၊ baking powder ၊ ဆား တို့ ကိုနှံအောင်မွှေပါ။ ပြီးလျှင် ကြက်ဥကိုခေါက်ပြီးထည့်ပါ။ နွားနို့ ၊ဆီထည့်ပြီး နှံအောင် မွှေပါ။
၂။ ကြော်ရန် ဆီကို အပူပေးပြီး ဆီပူလာရင် ထမင်းစားဇွန်း နဲ့ တဇွန်းဆီ ခပ်ပြီး ဆီအိုးထဲမှာထည့်ကြော်ပါ။
၃။ တဖက်ကို ငါးမိနစ်ခန့် ကြော်ပါ။ (သို့ ) အညိုေ၇ာင်သန်းလာသည်အထိကြော်ပါ။
၎။ ပြီးလျှင် ဆီစစ်ပြီးတော့ ပန်းသီးကြော်ပူပူလေးကို သကြားဖြူးစားပါ။ သစ်ကြပိုးခေါက်အမှုန့် ကြိုက်လျှင် သစ်ကြပိုးခေါက်အမှုန့် နှင့်သကြားကိုစတူေ၇ာပြီး ပန်းသီးကြော်ပေါ်မှာဖြူးစားပါ။
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)
မူရင်းတင်ပြပေးသူများကို လေးလေးစားစား Credit ပေးပါသည်။



Comments

Popular posts from this blog

အသားတုပြုလုပ်နည်း

Vegetarian Meat အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။ ပါဝင်ပစ္စည်း ********* ဂျုံ (All Purpose Flour)- တစ်ကီလို ရေ - ၅၀၀ ml ပြင်ဆင်ပြုလုပ်ပုံ ************ ၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။ ၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။ ၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။ ၄•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။ ၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှ...

ဆော့စ်​လုပ်​နည်း အမျိုးမျိုး

ဘိတ်ချဉ်.... ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်.. . ပြုလုပ်ပုံ.... ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး. . သံပုရာသီး နှစ်စိတ်လောက်ညစ်ထည့် . ဆား သကြား..အနည်းငယ်စီထည့်. ပဲငံပြာရည်​ အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလို က်ရင်ရပီ... ======================================= ဒါက ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .ဥပမာ ငါးကင် ပုစွန် ကင်... ပြုလုပ်ပုံ...       ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ ပထမဆုံးငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာညက်အောင်ထောင်း...မ န်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော် ထား.ဆား သကြား အရသာမူန့်အနည်းငယ်ထည့်ပြီးေ ရာသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ် . ====================================== ဒါက အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ .... မန်းကျည်းရည်ပျစ်ပျစ်လေးဖျော်... ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့် ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင်...

ချစ်တီးမဆလာပြုလုပ်နည်း

- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“   “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...