အုန်းနို့ မုန့်လက်ကောက်ကြော် (ထိုင်း)
============================
အေရှန်မုန့် အတော်များများ မုန့်တစ်မျိုးတည်းကိုပဲ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ လုပ်ပုံလုပ်နည်း နှင့် ပါဝင်ပစ္စည်း အနည်းငယ်ကွာခြားသည်မှအပ အခြေခံသဘောတရားတူကြကာ အရသာမတိမ်းမယိမ်းဖြစ်ကြပါတယ်။ ဒီမုန့်လက်ကောက်ကြော်လေးကတော့ မြန်မာမုန့်လက်ကောက်ကြော်ကဲ့ သို့ ကောက်ညှင်းမှုန့်ကို ရေဖြင့်မနယ်ပဲ ထိုင်းလူမျိုးများကဲ့သို့ အုန်းနို့ဖြင့် နယ်ပြီးကြော်ထားတာဖြစ်ပါတယ် ။
ကြော်ပြီးနောက် နာရီအနည်းငယ်ကြာသောအခါ မုန့်လက်ကောက်များ ပျော့သွားပါက 200ံ C ဖြင့် အပူပေးထားသော oven ထဲ တစ်ဖက်ကို ၅ မိနစ်စီခန့်ဖြင့် ၁၀ မိနစ်ခန့် ထည့်ပေးပါ။ oven အမျိုးအစားမတူသာကြောင့် အချိန် အတိုးအလျှော့ ရှိနိုင်ပါတယ်။
ထန်းလျက်ရည် အတွက် လိုအပ်တာလေးတွေ…
ထန်းလျက် – 100 g (၆.၅ ကျပ်သား)
ရေ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ထန်းလျက် နှင့် ရေ ကို low heat ဖြင့် ကျိုပါ။
ထန်းလျက်အားလုံးပျော်သွားသည်နှင့်
ဇကာဖြင့် အမှိုက်စစ်ပြီး medium low heat ဖြင့် အပျစ်အကျဲ မိမိနှစ်သက်သလို
ဆက်ကျိုပေးပါ။ (ထန်းလျက်များဆူပြီး ဝေကျတတ်သောကြောင့်
မျက်ခြေမပြတ်ကြည့်ပေးပါ။)
အုန်းနို့ မုန့်လက်ကောက်ကြော် လုပ်ရန် လိုအပ်တာလေးတွေ…
ကောက်ညှင်းမှုန့် (glutinous rice flour) – 1 cup (250 ml)
ဆီ – ထမင်းစားဇွန်း တစ်ဝက် (7.5 ml)
ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
အုန်းနို့ (coconut milk) – 1/2 cup (125 ml) ခန့် (ပိုပြီးပျစ်တဲ့ coconut cream ကို မသုံးပါဘူး)
ကောက်ညှင်းမှုန့်၊ ဆီ နှင့် ဆား အရောအနှောထဲ အုန်းနို့ကို နည်းနည်းချင်းထည့်ပြီး သေသေချာချာနှံ့ပြီး မုန့်သားညက်အောင် ၅ မိနစ်ခန့် နယ်ပေးပါ။ ကောက်ညှင်းမှုန့် အချင်အတွယ်ကွာနိုင်သောကြောင့် ထည့်ရမည့် အုန်းနို့ပမာဏ အနည်းငယ် အတိုး၊ အလျှော့ရှိနိုင်ပါတယ်။
နယ်သောအချိန်တွင် လက်တွင်အရမ်းကပ်နေသည်များကို ဇွန်းဖြင့်ခြစ်ချပြီး နယ်ပေးပါ။ ၂ မိနစ်ခန့်နယ်ပြီးလျှင် မကပ်တော့ပါ။
အောက်ပုံပါအတိုင်း ညက်ညောသောမုန့်သားရအောင် နယ်ပြီးလျှင် ကြော်သောအခါ မပေါက်အောင် လုံအောင်ဖုံး၍ ၅ နာရီခန့် နပ်ထားပါ။
DSC03282
၅ နာရီခန့်နပ်ထားပြီး ကြော်မည့်အချိန်တွင် မုန့်သားကို ၁ မိနစ်ခန့် ထပ်နယ်ပေးပါ။ ပြီးနောက် ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့် ယူ၍ အောက်ပုံပါများအတိုင်း ခပ်ရှည်ရှည် အချောင်းလေးဖြစ်အောင် လှိမ့်ပေးပါ။
DSC03288
DSC03292
DSC03293
အကွင်းလေးဖြစ်အောင် အနားစွန်း ၂ ဖက်ကို ခပ်ဖွဖွ ကပ်ပေးပါ။
DSC03295
ကျန်သည့်မုန့်သားများကိုလည်း အထက်ပါနည်းအတိုင်းလုပ်ပေးပါ ။
DSC03297
medium heat ဖြင့် အပူပေးထားသော အတော်လေးပူနေသည့် ဆီ များများထဲ အိုးမကြပ်အောင် ထည့်ကာ ဟိုဖက်၊ဒီဖက်လှန်ပြီး ၂ မိနစ်ခန့် (သို့) မိမိစိတ်ကြိုက် အပျော့ အမာ အနေအထားရအောင် ကြော်ပေးပါ။ (ဆီ လုံလောက်အောင်မပူပဲ ထည့်ကြော်လျှင်၊ ကျော်သည့်အချိန်နည်းလျှင် အပျော့မြန်ပါသည်။)
DSC03326
wire rack (cooling rack) ပေါ်တင်ကာ ဆီစစ်ပြီးနောက် အပျစ်အကျဲ မိမိစိတ်ကြိုက်ကျိုထားသော ထန်းလျက်ရည်ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (သို့မဟုတ်)
DSC02574
ထန်းလျက်ရည်ပျစ်ပျစ်ကျိုထား ပါက
အောက်ပုံပါအတိုင်း မုန့်လက်ကောက်များအား တစ်ဖက်တည်းကို
ထန်းညက်ရည်ဖြင့်ကပ်ကာ အနည်းငယ်အခြောက်ခံ၍ ဒိုးနတ်ကဲ့သို့ အရသာရှိစွာ
သုံးဆောင်နိုင်ပါသည်။
အေရှန်မုန့် အတော်များများ မုန့်တစ်မျိုးတည်းကိုပဲ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ လုပ်ပုံလုပ်နည်း နှင့် ပါဝင်ပစ္စည်း အနည်းငယ်ကွာခြားသည်မှအပ အခြေခံသဘောတရားတူကြကာ အရသာမတိမ်းမယိမ်းဖြစ်ကြပါတယ
ကြော်ပြီးနောက် နာရီအနည်းငယ်ကြာသောအခါ မုန့်လက်ကောက်များ ပျော့သွားပါက 200ံ C ဖြင့် အပူပေးထားသော oven ထဲ တစ်ဖက်ကို ၅ မိနစ်စီခန့်ဖြင့် ၁၀ မိနစ်ခန့် ထည့်ပေးပါ။ oven အမျိုးအစားမတူသာကြောင့် အချိန် အတိုးအလျှော့ ရှိနိုင်ပါတယ်။
ထန်းလျက်ရည် အတွက် လိုအပ်တာလေးတွေ…
ထန်းလျက် – 100 g (၆.၅ ကျပ်သား)
ရေ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ထန်းလျက် နှင့် ရေ ကို low heat ဖြင့် ကျိုပါ။
ထန်းလျက်အားလုံးပျော်သွားသည
အုန်းနို့ မုန့်လက်ကောက်ကြော် လုပ်ရန် လိုအပ်တာလေးတွေ…
ကောက်ညှင်းမှုန့် (glutinous rice flour) – 1 cup (250 ml)
ဆီ – ထမင်းစားဇွန်း တစ်ဝက် (7.5 ml)
ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
အုန်းနို့ (coconut milk) – 1/2 cup (125 ml) ခန့် (ပိုပြီးပျစ်တဲ့ coconut cream ကို မသုံးပါဘူး)
ကောက်ညှင်းမှုန့်၊ ဆီ နှင့် ဆား အရောအနှောထဲ အုန်းနို့ကို နည်းနည်းချင်းထည့်ပြီး သေသေချာချာနှံ့ပြီး မုန့်သားညက်အောင် ၅ မိနစ်ခန့် နယ်ပေးပါ။ ကောက်ညှင်းမှုန့် အချင်အတွယ်ကွာနိုင်သောကြောင
နယ်သောအချိန်တွင် လက်တွင်အရမ်းကပ်နေသည်များကိ
အောက်ပုံပါအတိုင်း ညက်ညောသောမုန့်သားရအောင် နယ်ပြီးလျှင် ကြော်သောအခါ မပေါက်အောင် လုံအောင်ဖုံး၍ ၅ နာရီခန့် နပ်ထားပါ။
DSC03282
၅ နာရီခန့်နပ်ထားပြီး ကြော်မည့်အချိန်တွင် မုန့်သားကို ၁ မိနစ်ခန့် ထပ်နယ်ပေးပါ။ ပြီးနောက် ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့် ယူ၍ အောက်ပုံပါများအတိုင်း ခပ်ရှည်ရှည် အချောင်းလေးဖြစ်အောင် လှိမ့်ပေးပါ။
DSC03288
DSC03292
DSC03293
အကွင်းလေးဖြစ်အောင် အနားစွန်း ၂ ဖက်ကို ခပ်ဖွဖွ ကပ်ပေးပါ။
DSC03295
ကျန်သည့်မုန့်သားများကိုလည်
DSC03297
medium heat ဖြင့် အပူပေးထားသော အတော်လေးပူနေသည့် ဆီ များများထဲ အိုးမကြပ်အောင် ထည့်ကာ ဟိုဖက်၊ဒီဖက်လှန်ပြီး ၂ မိနစ်ခန့် (သို့) မိမိစိတ်ကြိုက် အပျော့ အမာ အနေအထားရအောင် ကြော်ပေးပါ။ (ဆီ လုံလောက်အောင်မပူပဲ ထည့်ကြော်လျှင်၊ ကျော်သည့်အချိန်နည်းလျှင် အပျော့မြန်ပါသည်။)
DSC03326
wire rack (cooling rack) ပေါ်တင်ကာ ဆီစစ်ပြီးနောက် အပျစ်အကျဲ မိမိစိတ်ကြိုက်ကျိုထားသော ထန်းလျက်ရည်ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (သို့မဟုတ်)
DSC02574
ထန်းလျက်ရည်ပျစ်ပျစ်ကျိုထား
Comments
Post a Comment