ဝက်နားရွက်သုတ်/ဝက်ခေါင်းသုတ်
ဝက်နားရွက် ၁ဖက်
မုန်လာဥနီ ၁ တောင့်
သခွားသီး ၁လုံး
ရှောက်ရွက် ၇ရွက်
ကြက်သွန်မိတ် ၁ပင်
ကြက်သွန်နီ ၁လုံး
ငရုတ်သီးစိမ်း ၄တောင့်
သံပုရာသီး ၁လုံး
ပဲငံပြာရည်အကြည် ၁ဇွန်း
ဆား အနည်းငယ်
ကြက်သွန်ဖြူ/ဂျင်း ။
ငရုတ်ဆီ (ဆောစ့်) ။
ဝက်နားရွက်ကို ရေသေချာဆေးပါ။ပြီးလျှင် ဆား ၊ ကြက်သွန်
ဖြူ ၂မွှာ ၊ ဂျင်း ၂ပြား တရုတ်မဆလာထည့်၍ နူးသည်အထိ
ပြုတ်ထားပါ။
မုန်လာဥနီ သခွားသီး ကြက်သွန်နီ ရှောက်ရွက် ကြက်သွန်
မိတ် ငရုတ်စိမ်းတို့ကို ပါးပါးလှီးထားပါ။
နားရွက် ကို အနေတော်လှီးထားပါ။
နားရွက်၊ အသီးအရွက်၊ ပဲငံပြာရည်အကြည် ၁ဇွန်း ၊ ငံပြာရည် ဇွန်းသေး ၁ဇွန်း၊ သံပုရာသီး ၂စိတ် ၊ ငရုတ်ဆီ ၁ဇွန်း ထည့်၍ ရောနယ်ကာ ရပါပြီရှင်။
ကြက်သားမှုန့် ကြိုက်လျှင်ထည့်ပါ။

Comments
Post a Comment