Skip to main content

အာလူးဆနွင်းမကင်း



အာလူးဆနွင်းမကင်း
================

အာလူးဆနွင်းမကင်းလုပ်နည်းမေးထားတဲ့ သူတွေအတွက်ကော ကျန်တဲ့သူငယ်ချင်းတွေအတွက်ကော
အာလူးဆနွင်းမကင်းကလဲ အနံ့ အလွန်မွှေးပြီး စားလို့ အ၇မ်းကောင်းပါတယ်။ အိစံ အိမ်မှာ ပြုလုပ်တဲ့ နည်း ၂ နည်းရှိပါတယ်။ တနည်းကတော့ ရွှေကြည်ထည့်တဲ့ နည်းဖြစ်ပြီး တနည်းကတော့ ရွှေကြည်မပါတဲ့ နည်းဖြစ်ပါတယ်။ ၂ မျိုးလုံး တမျိုးစီစားကောင်းပါတယ်။ အခုနည်းကတော့ ရွှေကြည်မပါတဲ့ နည်းလေးပါ။ စားကောင်းလို့ လုပ်စားကြည့်နော်

ပါဝင်သောပစ္စည်းများ
၁။ အာလူး - ၅၀ သား
၂။ သကြား - ၁ ခွက် ခွဲ = ၃၀၀ ဂရမ်
၃။ ဂျုံမှုန့် (all purpose flour) - ခွက်တဝက်= ၆၀ ဂရမ်
၎။ အုံးသီးခြစ်ဖတ် - ၁ ခွက် = ၇၅ ဂရမ်
၅။ အရည်ပျော်နေသော ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၆။ အုန်းနို့ - ၂၀၀ ml
၇။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ဘိန်းစေ့ - အနည်းငယ် (အိစံကတော့ မထည့်ပါဘူး။ ရွှေကြည်ပါတဲ့နောက်တနည်းကျမှထည့်ပါတယ်။)
(၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အာလူးကို ရေဖြင့် နူးအောင်ပြုတ်ပြီး အအေးခံထားပါ။ ပြီးလျှင် အခွံနွှာရ်ျ အာလူးများကို ညက်နေအောင်ခြေထားပါ။ မုန့် ဖုတ်စက်ကို 350'F (175'C) မှာ မုန့် မဖုတ်ခင် ၁၀ မိနစ်ခန့် ကြိုရ်ျ အပူပေးထားပါ။
၂။ ထို့ နောက် ထောပတ် ထမင်းစားဇွန်း ၂ ဇွန်း နှင့် အုန်းနို့ ထမင်းစားဇွန်း ၂ ဇွန်းကို ချန်ပြီး ကျန်တဲ့ ပါဝင်သောပစ္စည်းများအားလုံးကို ခြေထားသော အာလူးနှင့် နှံ့ အောင်နယ်ပါ။
၃။ နယ်ထားသော အာလူးအနှစ်များကို ဆီသုတ်ထားသော ဘန်းထဲကို ဖိရ်ျ ထည့်ပါ။ ပြီးလျှင် မျက်နှာပြင် ညှိပါ။ ပြီးလျှင် ချန်ထားသော အုန်းနို့ နှင့် ထောပတ်တို့ ကို မျက်နှာပြင်အပေါ်လောင်းပါ။
၎။ ၃၅၀'F (175'C)မှာ အပူပေးထားသော မုန့် ဖုတ်စက်ထဲတွင် ၁ နာရီထည့်ုဖုတ်ပါ။ ပြီးလျှင် 450'F (230'C) ကိုပြောင်းရ်ျ မိနစ် ၂၀ ခန့် မျက်နှာပြင် ညိုလာအောင်ဖုတ်ပါ။
၅။ မုန့် ကိုအအေးခံရ်ျ ကြိုက်နှစ်သက်သလို လှီးပြီး သုံးဆောင်နိုင်ပါပြီ။




 
 

Comments

Popular posts from this blog

အသားတုပြုလုပ်နည်း

Vegetarian Meat အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။ ပါဝင်ပစ္စည်း ********* ဂျုံ (All Purpose Flour)- တစ်ကီလို ရေ - ၅၀၀ ml ပြင်ဆင်ပြုလုပ်ပုံ ************ ၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။ ၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။ ၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။ ၄•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။ ၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှ...

ဆော့စ်​လုပ်​နည်း အမျိုးမျိုး

ဘိတ်ချဉ်.... ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်.. . ပြုလုပ်ပုံ.... ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး. . သံပုရာသီး နှစ်စိတ်လောက်ညစ်ထည့် . ဆား သကြား..အနည်းငယ်စီထည့်. ပဲငံပြာရည်​ အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလို က်ရင်ရပီ... ======================================= ဒါက ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .ဥပမာ ငါးကင် ပုစွန် ကင်... ပြုလုပ်ပုံ...       ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ ပထမဆုံးငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာညက်အောင်ထောင်း...မ န်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော် ထား.ဆား သကြား အရသာမူန့်အနည်းငယ်ထည့်ပြီးေ ရာသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ် . ====================================== ဒါက အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ .... မန်းကျည်းရည်ပျစ်ပျစ်လေးဖျော်... ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့် ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင်...

ချစ်တီးမဆလာပြုလုပ်နည်း

- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“   “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...