သကြားမုန့်ဖက်ထုပ် (၁၂ ထုပ်)
=========================
သကြားမုန့်ဖက်ထုပ် အတွက်လိုအပ်သော အပြင်သားမုန့်နှစ် လုပ်ကြရအောင်…
ကောက်ညှင်းမှုန့် – ၄ ခွက် (rice cooker တွင်ပါသောခွက်)
ရေ – ၂ ခွက် (rice cooker တွင်ပါသောခွက်)
ကောက်ညှင်းမှုန့် ထဲ ရေကို ဖြည်းဖြည်းချင်းထည့်ကာ အရမ်းမမာ၊ အရမ်းမပျော့ပဲ စေးစေးလေးဖြစ်အောင် နယ်ပါ။ (ကောက်ညှင်းမှုန့်က အလေးချိန်နဲ့ ချိန်ထည့်တာမဟုတ်ပဲ ခွက်ဖြင့် ချင်ထည့်တာဖြစ်၍ အချိုးအစား အရမ်းအတိအကျ မရနိုင်သောကြောင့် ရေကိုဖြည်းဖြည်းချင်းထည့်ခိုင်းတာဖြစ်ပါတယ်။)
သကြားမုန့်ဖက်ထုပ် အတွက် လိုအပ်သော အတွင်းသား အုန်းယို ကျိုရအောင်…
ခြစ်ထားသော အုန်းသီး- တရုတ်ပန်းကန်လုံး ၂ လုံး (လတ်လတ်ဆတ်ဆတ်မရှိလျှင် ပုံပါအတိုင်းအုန်းသီး အခြောက်ဖတ်ကို သုံးနိုင်ပါတယ်။)
သကြား- ထမင်းစားဇွန်း ၁၂ ဇွန်း
ရေ- ထမင်းစားဇွန်း ၂ ဇွန်း (အုန်းသီးအခြောက်ကိုသုံးလျှ င် ရေ – ထမင်းစားဇွန်း ၄ ဇွန်းခန်.ပိုထည့်ပေးပါ။)
မီးအေးအေးဖြင့် ရောကျိုထားသော ရေ နှင့်သကြားပွက်လာလျှင် အုန်းသီးကို ထည့်မွှေပါ။
အရည်များ ထမင်းစားဇွန်း ၁ ဇွန်းခန့်ကျန်ပြီး အတော်လေးပျစ်လာလျှင် မီးဖိုမီးပိတ်ပါ။ (အုန်းသီးဖတ်များ အရမ်းခြောက်ကပ်သွားအောင် မလုပ်ပါနှင့်။)
အေးသွားမှလုံးလျှင် သကြားများခဲသွားသဖြင့် လက်ဖြင့်ကိုင်နိုင်သော အပူရှိန်ဖြစ်လာသည်နှင့် အလုံး ၁၂ လုံး လုံးထားပါ။ (ဖိပြီးဆုပ်နယ်မှ အလုံးလေးက ခပ်ကျစ်ကျစ်ဖြစ်ပါတယ်။)
အပြင်သား မုန့်နှစ် ကိုလည်း ၁၂ လုံး လုံးထားပါ။
မုန်.ဖက်ထုပ် စထုပ်ကြရအောင်…
မုန့်ထည့်မည့် ငှက်ပျောဖက်အတွင်းပိုင်းကို ဆီသုတ်ပါ။
လက်ကိုဆီသုတ်ပြီး လုံးထားသော မုန့်နှစ်ကိုပြားကာ အုန်းယိုလုံးကိုတင်ပြီး လုံအောင်ဖုံး၍ အလုံးပြန်လုံးပါ။
လုံးသွားပြီးနောက် အလုံးကို ဆီသုတ်ပေးပါ။
ထိုအလုံးကို ဆီသုတ်ထားသောဖက်၏ အလယ်မှာထားကာ ဖက်အနားနှစ်ဖက်ဖြင့် ဖုံးပါ။
ပြီးလျှင် ပုံတွင်ပြထားသကဲ့သို့ ဆက်ထုပ်ပါ။
သွားကြားထိုးတံလေးနှင့် ပိတ်ပြီး ပေါင်းမည့်အိုးလေးထဲ ထည့်ပါ။
ပွက်ပွက်ဆူနေသော ရေအိုးပေါ်တင်ကာ အဖုံး ဖုံးပြီး high heat ဖြင့် မိနစ် ၂၀ ခန့် ပေါင်းလိုက်လျှင် မုန့်ဖက်ထုပ်ပူပူနွေးနွေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
အုန်းယို နှင့် ဒူရင်းယို ရောလုံးပြီး ဌာပနာရင်လည်း စားလို.ကောင်းလှပါတယ်။
#Crd
=========================
သကြားမုန့်ဖက်ထုပ် အတွက်လိုအပ်သော အပြင်သားမုန့်နှစ် လုပ်ကြရအောင်…
ကောက်ညှင်းမှုန့် – ၄ ခွက် (rice cooker တွင်ပါသောခွက်)
ရေ – ၂ ခွက် (rice cooker တွင်ပါသောခွက်)
ကောက်ညှင်းမှုန့် ထဲ ရေကို ဖြည်းဖြည်းချင်းထည့်ကာ အရမ်းမမာ၊ အရမ်းမပျော့ပဲ စေးစေးလေးဖြစ်အောင် နယ်ပါ။ (ကောက်ညှင်းမှုန့်က အလေးချိန်နဲ့ ချိန်ထည့်တာမဟုတ်ပဲ ခွက်ဖြင့် ချင်ထည့်တာဖြစ်၍ အချိုးအစား အရမ်းအတိအကျ မရနိုင်သောကြောင့် ရေကိုဖြည်းဖြည်းချင်းထည့်ခိ
သကြားမုန့်ဖက်ထုပ် အတွက် လိုအပ်သော အတွင်းသား အုန်းယို ကျိုရအောင်…
ခြစ်ထားသော အုန်းသီး- တရုတ်ပန်းကန်လုံး ၂ လုံး (လတ်လတ်ဆတ်ဆတ်မရှိလျှင် ပုံပါအတိုင်းအုန်းသီး အခြောက်ဖတ်ကို သုံးနိုင်ပါတယ်။)
သကြား- ထမင်းစားဇွန်း ၁၂ ဇွန်း
ရေ- ထမင်းစားဇွန်း ၂ ဇွန်း (အုန်းသီးအခြောက်ကိုသုံးလျှ
မီးအေးအေးဖြင့် ရောကျိုထားသော ရေ နှင့်သကြားပွက်လာလျှင် အုန်းသီးကို ထည့်မွှေပါ။
အရည်များ ထမင်းစားဇွန်း ၁ ဇွန်းခန့်ကျန်ပြီး အတော်လေးပျစ်လာလျှင် မီးဖိုမီးပိတ်ပါ။ (အုန်းသီးဖတ်များ အရမ်းခြောက်ကပ်သွားအောင် မလုပ်ပါနှင့်။)
အေးသွားမှလုံးလျှင် သကြားများခဲသွားသဖြင့် လက်ဖြင့်ကိုင်နိုင်သော အပူရှိန်ဖြစ်လာသည်နှင့် အလုံး ၁၂ လုံး လုံးထားပါ။ (ဖိပြီးဆုပ်နယ်မှ အလုံးလေးက ခပ်ကျစ်ကျစ်ဖြစ်ပါတယ်။)
အပြင်သား မုန့်နှစ် ကိုလည်း ၁၂ လုံး လုံးထားပါ။
မုန်.ဖက်ထုပ် စထုပ်ကြရအောင်…
မုန့်ထည့်မည့် ငှက်ပျောဖက်အတွင်းပိုင်းကို
လက်ကိုဆီသုတ်ပြီး လုံးထားသော မုန့်နှစ်ကိုပြားကာ အုန်းယိုလုံးကိုတင်ပြီး လုံအောင်ဖုံး၍ အလုံးပြန်လုံးပါ။
လုံးသွားပြီးနောက် အလုံးကို ဆီသုတ်ပေးပါ။
ထိုအလုံးကို ဆီသုတ်ထားသောဖက်၏ အလယ်မှာထားကာ ဖက်အနားနှစ်ဖက်ဖြင့် ဖုံးပါ။
ပြီးလျှင် ပုံတွင်ပြထားသကဲ့သို့ ဆက်ထုပ်ပါ။
သွားကြားထိုးတံလေးနှင့် ပိတ်ပြီး ပေါင်းမည့်အိုးလေးထဲ ထည့်ပါ။
ပွက်ပွက်ဆူနေသော ရေအိုးပေါ်တင်ကာ အဖုံး ဖုံးပြီး high heat ဖြင့် မိနစ် ၂၀ ခန့် ပေါင်းလိုက်လျှင် မုန့်ဖက်ထုပ်ပူပူနွေးနွေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
အုန်းယို နှင့် ဒူရင်းယို ရောလုံးပြီး ဌာပနာရင်လည်း စားလို.ကောင်းလှပါတယ်။
#Crd
Comments
Post a Comment