အာလူး ဆနွင်းမကင်းလုပ်နည်း
အာလူး ၂ပိသာ
အုန်းသီး ၃လုံး
သကြား ၇၅ကျပ်သား
ထောပတ်ဆီ ၃၀ကျပ်သား
ဆား အနည်းငယ်
ရွှေချီ ၁၅ကျပ်သား
အာလူး ၂ပိသာ
အုန်းသီး ၃လုံး
သကြား ၇၅ကျပ်သား
ထောပတ်ဆီ ၃၀ကျပ်သား
ဆား အနည်းငယ်
ရွှေချီ ၁၅ကျပ်သား
ဦးစွာ အာလူးကိုနူးအောင်ပြုတ်ပါ။အာလူးနူးလာလျှင် မီးဖိုမှချ၍
အအေးခံပါ၊အုန်းသီး၃လုံးကိုခြစ်ပြီးအရည်ညှစ်ပါ၊၎င်းနောက်
အိုးတစ်လုံးတွင် ထည့်ပြီးမီးဖိုပေါ်တွင်တင်၍ ဆီပြန်လာသည်အထိ ချက်ပေးပါ။ရွှေချီမှုန့်ကိုအရောင်ပြောင်းလာသည်အထိ လှော်ပါ၊အာလူးကိုအခွံခွာ၍ညက်အောင်ထောင်းပါ။၎င်းနောက် အာလူး၊အုန်းဆီချက်၊သကြား၊ထောပတ်ဆီ၊ဆား၊ရွှေချီမှုန့် တို့ကိုသမအောင်မွှေပါ၊၎င်းနောက်ဗန်းကိုထောပတ်ဆီ အနည်းငယ်
သုတ်လိမ်းပါ၊၎င်း ဗန်းထဲသို့ သမအောင်ရောမွှေထားသော ပါဝင်ပစ္စည်းများကိုထည့်ပါ၊မုန့်သားမျက်နှာပြင်ညီအောင် ညှိပေးပါ
၊အောက်မီး နည်းနည်းပေးပြီး အပေါ်မီးများပေးပါ၊အပေါ်မျက်နှာပြင်နီရဲလာအောင်ပေးပါ၊အပေါ်
မျက်နှာပြင်တင်းပြီးနီရဲလာလျှင်မုန့်ကိုအအေးခံပါ
Tint tint mon

Comments
Post a Comment