မန္တလေး မြီးရှည်
မြီးရှည်လုပ်၇တာ အရမ်းလွယ်ပါတယ်....မြီးရှည်အဖတ်အခြောက်ကို ပြုတ်တဲ့ အချိန်ပဲကြာတယ် ရေထဲ အ၇င်စိမ်ထားရင် ပိုမြန်ပါတယ် ..ကျန်တာတွေက ( ကြက်သားနဲ့ ဆိုရင်)၄၅မိနစ်ကနေ ၁နာ၇ီလောက် (၀က်သားနဲ ဆိုရင်) ၀က်သားနူးအောင် ၂နာ၇ီလောက်ပြုတ်ထားရတယ်
ပါဝင်သောပစ္စည်းများ (ပွဲ ၂၀စာ)
၁။မြီးရှည်အဖတ်
၂။ကြက်သား (သို့ )၀က်သား - ၅၀သား
၃။မုန့် ညင်းချဉ်
၎။ကော်
၅။အီကြာကွေး
၆။ကြက်သွန်ဖြူ
၇။တရုတ်နံနံ
၈။ပဲငပိအချို
၉။ကြက်သွန်ဖြူဆီချက်
၁၀။ငရုတ်သီးဆီချက်
၁၁။ပဲပင်ပေါက်
၁၂။ အကြွပ်ကြော် (ကြိုက်လျှင်)
၁၃။ဝက်ဆီဖတ်ကြော် (ကြိုက်လျှင်)
ပြုလုပ်နည်း
၁။မြီးရှည်အခြောက်ဖတ်ဆို၇င် အ၇င်ပြုတ်ပါ အဲတာအကြာဆုံးပဲ
၂။ကြက်သား (သို့ ) ၀က်သားကို ဆား၊ သကြား (သို့ ) ဟင်းချို မှုန့် နဲ့ အ၇ည်များများနဲ့ တည်ထားပါ။ အ၇ည်ကို ဟင်း၇ည်အနေနဲ့ လဲသောက်လို့ ရတယ်။ (အခြားအနံ များမထည့်ပါနဲ့ အခြားအနံတွေနဲ့ ဆို မန္တလေးမြီးရှည်နဲ့ မတူပါ )
၃။မုန့် ညင်းချဉ်ကို အသေးလေးတွေလှီးပါ။
၎။ကော်လုပ်လျှင် ကော်မှုန့် ကိုသုံးလို့ လဲ၇ပါတယ်။ ကောက်ညှင်းမှုန့် ကိုသုံးလို့ လဲရပါတယ်။ (ကောက်ညှင်းမှုန့် နဲ့ ကော်မှုန့် ကို ဆတူေ၇ာရ်ျလုပ်လျင်ပိုကောင်းပါသည်။) အမှုန့် ကိုရေအေးနဲ့ အ၇င်ဖျော်ပြီး ကော်လုပ်မယ့်အိုးထဲမှာ ကြိုပါ။ ကော်မှုန့် အ၇မ်းပစ်နေရင် အေးရင် အ၇မ်းခဲသွားတတ်ပါတယ်။ ခဲသွားရင် ရေထည့်ပြီး မီးဖို ပေါ်ပြန် တည်လိုက်ပါ။ ကော် ပြန်ကျဲသွားပါလိမ့်မည်။
၅။အီကြာကွေးကို ကပ်ကျေးနဲ့ အသေးလေးတွေညှပ်ပါ။ တချို့ ကအကြွပ်ကြော်နဲ့ စားကြသည်။ အ၇မ်းကောင်းပါတယ်။ အကြွပ်ကြော်အတွက်......တ၀က်ကိုဆီနဲ့ ပြန်ကြော်ပါ။ ကြွပ်ပီး အညိုေ၇ာင်သန်းလာ၇င် အကြွပ်ကြော်အတွက်၇ပါပီ။
၆။ကြက်သွန်ဖြူကို မညက်တညက်ထောင်းပါ၊ တ၇ုတ်နံနံ ကိုကပ်ကျေးနဲ့ ညှပ်ပီး အဲ၂ခုကိုေ၇ာပီး ပန်းကန်တလုံးထဲထည့်ပါ၊ေ၇နွေးလောင်းလိုက်ပါ၊ အဲ၂ခုေ၇ာတဲ့အ၇ည်ပါမှ အနံ့ မွှေးပါမယ်....
၇။ပဲပင်ပေါက်ကိုေ၇ဆေးပီးေ၇နွေးဖျောထားပါ။
၈။ ငရုတ်သီးဆီချက်လုပ်ပုံက ပုံထဲမှာ ပါတဲ့ တရုတ်မပုံတံဆိပ် ငရုတ်သီးဆီချက်ကို အပူခံတဲ့ ပန်းကန်လုံး အကြီးထဲမှာ ထည့် ...ပြီးရင် ဆီများများလို ချင်ရင် ဆီများများကို အိုးတခုထဲမှာ အပူပေး... ဆီအ၇မ်းပူလာရင် ခုနက ပန်းကန်ထဲကို လောင်းထည့်လိုက်ပါ။ ငရုတ်သီးဆီချက်ရပါတယ်...(ငရုတ်သီးဆီချက်လုပ်၇င်အိမ်အရမ်းနံတော့ အဲဒီနည်းကိုပဲသုံးတယ်)
စားခါနီး၇င် မြီး၇ှည်ဖတ်အေးနေ၇င် မြီး၇ှည်ဖတ်နဲ့ ပဲပင်ပေါက်ကို ရေနွေးပြန်ဖျောပါ၊
ပြီးလျှင်....ကော် (ဟင်းချက်ရင်မွှေတဲ့ ဇွန်းနဲ့ တဇွန်း)၊ အသား (ကြိုက်သလောက်)၊ အီကြာကွေး၊ ကြက်သွန်ဖြူနဲ့ နံ့နံ့ ထမင်းစားဇွန်း ၁ ဇွန်း၊ အကြွပ်ကြော်၊ မုန့် ညင်းချဉ်၊ အချိုမုန့် (သို့ ) သကြား လက်ဖက်ရည်ဇွန်း တ၀က်၊ ဆီချက် ထမင်းစားဇွန်း ၁ ဇွန်း၊ ငရုတ်သီးဆီချက် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငပိအချို၊ ထမင်းစားဇွန်း သုံးပုံ ၂ ပုံ၊ အားလုံးထည့်ပီးေ၇ာနယ်လိုက်ပါ
#Crd

Comments
Post a Comment