မုန့်လုံးကြီးကြော်
===============
မုန့်လုံးကြီးကြော်မုန့်နှစ်ကို ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ baking powder နှင့် ရေ ရောပြီး လုပ်ရတာဖြစ်ပေမယ့် ကျွန်မကတော့ မူကွဲပြီး လုပ်ထားတာဖြစ်ပါတယ်။
ကြော်ပြီးကြာလျှင် စား၍ မကောင်းသောကြောင့် လိုအပ်သလောက်တာကြော်ပြီး၊ မကြော်ရသေးသော အလုံးများကို လေလုံအောင်ဖုံးကာ ရေခဲသေတ္တာ (မခဲသောအဆင့် ) ထဲတွင် သိမ်းထားနိုင်ပါတယ်။
ကြော်လိုသောအခါ ရေခဲသေတ္တာမှထုတ်၍ အခန်းအပူရှိန်ဖြင့် ၁ နာရီခန့်ထားပြီးမှ ကြော်ပေးပါ။
မုန့်လုံးကြီးကြော် အတွက် လိုအပ်တာလေးတွေ…
အုန်းယို
မုန့်ညက် (မုန့်နှစ်)
အုန်းယို အတွက် လိုအပ်တာလေးတွေ…
palm sugar (ထန်းလျက်) – 100 g
အုန်းနို့ – 1/4 cup (60 ml)
ဆား – 1/8 tsp
ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)
palm sugar နှင့် အုန်းနို့ကို ရောကာ medium heat ဖြင့် palm sugar များပျော်သွားအောင် မွှေကျိုပေးပါ။
palm sugar များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး high heat ဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် medium heat သို့လျှော့ချပေးပါ။)
အရည်စေးစေးပျစ်ပျစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယိုကို အရမ်းခြောက်ကပ်သွားအောင် ကျိုလျှင် စား၍မကောင်းပါ။)
DSC00512
အေးသွားလျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ခပ်ကျစ်ကျစ်အလုံးလေး ၁၁ လုံးလုပ်ထားပါ။
(ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့်သိမ်းထားနိုင်ပါသည် ။ သိမ်းထားသော အုန်းယိုကို ပြန်မသုံးခင် ၁၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှ ကြိုထုတ်ပြီးမှ သုံးပါ။)
မုန့်ညက် (မုန့်နှစ်)အတွက်လိုအပ်တာလေးတွေ…
ကောက်ညှင်းမှုန့် – 2 cups (500 ml)
Corn flour (ပြောင်းဖူးကော်မှုန့်) – 1/4 cup
ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
ရေ – 3/4 cup (180 ml)
ဇလုံထဲရှိ ကောက်ညင်းမှုန့်၊ Corn flour၊ ဆီ နှင့် ဆား အရောထဲသို့ ရေကို နည်းနည်းချင်း ထည့်ကာ နှံ့ပြီး ညက်သွားအောင် ၁၀ မိနစ်ခန့် ဖိနယ်ပေးပြီးပေးပါ။
(အမှုန့်များ ချင်တွယ်ရာတွင် ပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်၍ ရေကို မုန့်သားအခြေအနေကြည့်ကာ အတိုး၊ အလျှော့လုပ်ထည့်ပေးဖို့လိုပါတယ်။)
နယ်ပြီးသည့် မုန့်နှစ်ကို အဖုံး မဖုံးပဲ အခန်းအပူရှိန် (room temperature) ဖြင့် ၂ နာရီခန့် ထားပါ။ (ကြော်သောအခါ မပေါက်ရန်)
DSC03606
၂ နာရီခန့်ထားပြီးနောက် အနည်းငယ်ပြန်ဖိနယ်ကာ ထမင်းစားဇွန်း ၂ ဇွန်းစာခန့် အလုံးလေး ၁၁ လုံး လုံးထားပါ။ (ဆီအပူရှိန်စမ်းရန် မုန့်နှစ် – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ချန်ထားပါ)
DSC03607
အလုံးလေးကို လက်ဖြင့်ပြား၍ အုန်းယို အလုံးလေးကို ထည့်ကာ လုံအောင်ဖုံးပြီး ချောမွေ့ပြေပြစ်သော မျက်နှာပြင်လေးဖြစ်ကာ ဘောလုံးကဲ့သို့လုံးနေစေရန် လက်ဝါးနှစ်ဖက်ဖြင့် ခပ်ဖွဖွပွတ်ပြီး ပြန်လုံးပါ။ (လှလှပပလေးတွေရစေရန် အနည်းငယ်စိတ်ရှည်ရမှာဖြစ်ပါ တယ်…
😀 )
DSC03608
လုံးပြီးနောက် ပန်းကန်ပြားထဲ တစ်လုံး နှင့် တစ်လုံးမကပ်အောင် ထည့်ထားပါ။
medium heat ဖြင့် အပူပေးထားသည့် ဆီထဲ ချန်ထားသည့် မုန့်နှစ်အနည်းငယ်ဖဲ့ပြီး ထည့်ကြည့်ပါ။
မုန့်နှစ်လေး ချက်ချင်းတက်မလာပဲ စက္ကန့်အနည်းငယ်ကြာမှ တက်လာလျှင် ဆီအပူရှိန်မှန်ရပြီဖြစ်၍ မုန့်လုံးကြီးများကို အိုးမကြပ်အောင် ထည့်ပေးပါ။
(ချက်ချင်းတက်လာလောက်အောင် ဆီပူနေလျှင် အလုံးများမညီမညာပွတက်ကာ ပေါက်ပြဲပြီး မလှမပ ဖြစ်တတ်ပါတယ်။)
(ဆီပူထဲမထည့်ခင် ပန်းကန်ဖြင့်ထိပြီး ပြားနေသည်များ ညီညာသွားစေရန် အနည်းငယ်ပြန်လုံးပေးပြီးမှ ထည့်ခြင်းဖြင့် လှပသော အလုံးလေးများရနိုင်ပါတယ်။)
ထည့်ချပြီး ၁ မိနစ်ခန့်ကြာလျှင် နောက်တစ်ဖက်ကို ခပ်ဖွဖွလှန်ပေးပါ။
DSC03663
အလုံးလေးများကျက်ချိန်၌ ညီညာလှပသော အရောင်ဖြစ်နေစေရန် ဇွန်း (သို့) တူဖြင့် ခပ်ဖွဖွတို့ပြီးလှန်ပေးနေဖို့ လိုအပ်ပါတယ်။
DSC03664
၁၅ မိနစ်ခန့် (သို့) ရွှေဝါနုရောင်ဖြစ်အောင်ကြော် ပေးပြီးနောက်
ဆီစစ်ဆယ်ထုတ်ကာ ဇကာ (သို့) ပန်းကန်ထဲ ထည့်၍ မုန့်လုံးကြီးကြော်လေးကို
အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (အကြော်လွန်ပါက
အလုံးများပေါက်ပြဲသွားတတ်ပါ တယ်။)
မုန့်လုံးကြီးကြော်မုန့်နှစ
ကြော်ပြီးကြာလျှင် စား၍ မကောင်းသောကြောင့် လိုအပ်သလောက်တာကြော်ပြီး၊ မကြော်ရသေးသော အလုံးများကို လေလုံအောင်ဖုံးကာ ရေခဲသေတ္တာ (မခဲသောအဆင့် ) ထဲတွင် သိမ်းထားနိုင်ပါတယ်။
ကြော်လိုသောအခါ ရေခဲသေတ္တာမှထုတ်၍ အခန်းအပူရှိန်ဖြင့် ၁ နာရီခန့်ထားပြီးမှ ကြော်ပေးပါ။
မုန့်လုံးကြီးကြော် အတွက် လိုအပ်တာလေးတွေ…
အုန်းယို
မုန့်ညက် (မုန့်နှစ်)
အုန်းယို အတွက် လိုအပ်တာလေးတွေ…
palm sugar (ထန်းလျက်) – 100 g
အုန်းနို့ – 1/4 cup (60 ml)
ဆား – 1/8 tsp
ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)
palm sugar နှင့် အုန်းနို့ကို ရောကာ medium heat ဖြင့် palm sugar များပျော်သွားအောင် မွှေကျိုပေးပါ။
palm sugar များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး high heat ဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် medium heat သို့လျှော့ချပေးပါ။)
အရည်စေးစေးပျစ်ပျစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယိုကို အရမ်းခြောက်ကပ်သွားအောင် ကျိုလျှင် စား၍မကောင်းပါ။)
DSC00512
အေးသွားလျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ခပ်ကျစ်ကျစ်အလုံးလေး ၁၁ လုံးလုပ်ထားပါ။
(ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့်သိမ်းထားနိုင်ပါသည်
မုန့်ညက် (မုန့်နှစ်)အတွက်လိုအပ်တာလေ
ကောက်ညှင်းမှုန့် – 2 cups (500 ml)
Corn flour (ပြောင်းဖူးကော်မှုန့်) – 1/4 cup
ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
ရေ – 3/4 cup (180 ml)
ဇလုံထဲရှိ ကောက်ညင်းမှုန့်၊ Corn flour၊ ဆီ နှင့် ဆား အရောထဲသို့ ရေကို နည်းနည်းချင်း ထည့်ကာ နှံ့ပြီး ညက်သွားအောင် ၁၀ မိနစ်ခန့် ဖိနယ်ပေးပြီးပေးပါ။
(အမှုန့်များ ချင်တွယ်ရာတွင် ပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်၍
နယ်ပြီးသည့် မုန့်နှစ်ကို အဖုံး မဖုံးပဲ အခန်းအပူရှိန် (room temperature) ဖြင့် ၂ နာရီခန့် ထားပါ။ (ကြော်သောအခါ မပေါက်ရန်)
DSC03606
၂ နာရီခန့်ထားပြီးနောက် အနည်းငယ်ပြန်ဖိနယ်ကာ ထမင်းစားဇွန်း ၂ ဇွန်းစာခန့် အလုံးလေး ၁၁ လုံး လုံးထားပါ။ (ဆီအပူရှိန်စမ်းရန် မုန့်နှစ် – လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ချန်ထားပါ)
DSC03607
အလုံးလေးကို လက်ဖြင့်ပြား၍ အုန်းယို အလုံးလေးကို ထည့်ကာ လုံအောင်ဖုံးပြီး ချောမွေ့ပြေပြစ်သော မျက်နှာပြင်လေးဖြစ်ကာ ဘောလုံးကဲ့သို့လုံးနေစေရန် လက်ဝါးနှစ်ဖက်ဖြင့် ခပ်ဖွဖွပွတ်ပြီး ပြန်လုံးပါ။ (လှလှပပလေးတွေရစေရန် အနည်းငယ်စိတ်ရှည်ရမှာဖြစ်ပါ

DSC03608
လုံးပြီးနောက် ပန်းကန်ပြားထဲ တစ်လုံး နှင့် တစ်လုံးမကပ်အောင် ထည့်ထားပါ။
medium heat ဖြင့် အပူပေးထားသည့် ဆီထဲ ချန်ထားသည့် မုန့်နှစ်အနည်းငယ်ဖဲ့ပြီး ထည့်ကြည့်ပါ။
မုန့်နှစ်လေး ချက်ချင်းတက်မလာပဲ စက္ကန့်အနည်းငယ်ကြာမှ တက်လာလျှင် ဆီအပူရှိန်မှန်ရပြီဖြစ်၍ မုန့်လုံးကြီးများကို အိုးမကြပ်အောင် ထည့်ပေးပါ။
(ချက်ချင်းတက်လာလောက်အောင် ဆီပူနေလျှင် အလုံးများမညီမညာပွတက်ကာ ပေါက်ပြဲပြီး မလှမပ ဖြစ်တတ်ပါတယ်။)
(ဆီပူထဲမထည့်ခင် ပန်းကန်ဖြင့်ထိပြီး ပြားနေသည်များ ညီညာသွားစေရန် အနည်းငယ်ပြန်လုံးပေးပြီးမှ ထည့်ခြင်းဖြင့် လှပသော အလုံးလေးများရနိုင်ပါတယ်။)
ထည့်ချပြီး ၁ မိနစ်ခန့်ကြာလျှင် နောက်တစ်ဖက်ကို ခပ်ဖွဖွလှန်ပေးပါ။
DSC03663
အလုံးလေးများကျက်ချိန်၌ ညီညာလှပသော အရောင်ဖြစ်နေစေရန် ဇွန်း (သို့) တူဖြင့် ခပ်ဖွဖွတို့ပြီးလှန်ပေးနေဖိ
DSC03664
၁၅ မိနစ်ခန့် (သို့) ရွှေဝါနုရောင်ဖြစ်အောင်ကြော်
Comments
Post a Comment