ဆိတ်သားကို ကြိုက်ကြပေမယ့်
♨
♨
♨
ဟင်းချက်တဲ့အခါ ညှီနံ.မပျောက်လို. မချက်ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ဆိတ်သားကို မညှီအောင် စားလို.ကောင်းအောင် ဘယ်လိုချက်မလဲ
ပါဝင်ပစ္စည်းများ
🍲
🍲
🍲
🍗
🍛
-ဆိတ်သား - ၃၀ သား
-ပျဉ်တော်သိမ်/ဆီသတ်ရွက် - ၂ခက်
-ကြက်သွန်နီ - ၁လုံး
-ကြက်သွန်ဖြူ - ၅မွှာ
-ဂျင်း - လက်တဆစ်
-ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
-သကြား - လက်ဖက်ရည်ဇွန်း ၁ စွန်း မဆလာ - လက်ဖက်ရည်ဇွန်း ၂ စွန်း ငရုတ်သီးမှုန်.---စားပွဲတင်ဇွန်း ၁ စွန်း
နနွင်းမှုန်.- အနည်းငယ်
ကြက်သားမှုန်.-လက်ဖက်ရည်ဇွန်း ၁စွန်း ဒိန်ချဉ်/သံပုရာရည် - စားပွဲတင်ဇွန်း၁ဇွန်း
အရင်ဆုံး ဆိတ်သားကို အနေတော်တုံးထားပေးပါ။
ပြီးရင် မန်ကျည်းသီးနဲ.နယ်ပြီး ရေစင်အောင်ဆေးပါ။
ရေဆေးပြီးရင် ဆိတ်သားကို ဇလုံတစ်ခုထဲသို.ထည့်ပြီး ဆား၊သကြား၊မဆလာ၊ဒိန်ချဉ်တို.နှင့် သမအောင်ရောနယ်ပါ။ရေခဲသေတ္တာအောက်ထပ်မှာ ၃နာရီခန်.နှပ်ထားပါ။
ဒယ်ထဲဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူနီ ဂျင်း ငရုတ်သီးမှုန်. နနွင်းမှုန်.တို.ကို ထောင်းပြီး ဆီသတ်ပါ။
အနံ.မွှေးလာရင် ပျဉ်တော်သိမ်ရွက်ထည့်ပါ။နှပ်ထားတဲ့ ဆိတ်သားထည့်ပြီး ခဏလုံးချက်ပေးပါ။ပြီးရင် ရေမြုပ်ရုံထည့်ပြီး အဖုံးအုပ်တည်ပေးပါ။ အရသာအတွက် ကြက်သားမှုန်.ထည့်ပါ။ ဆိတ်သားများနူးသည်အထိ ရေထပ်ထည့်ပြီး တည်ပေးပါ။ ဆိတ်သားများနူးပြီး ရေခန်းဆီပြန်လာရင် ရပါပြီ။
အခုဆိုရင် အနံ.မွှေးပြီး စားလို.ကောင်းတဲ့ ဆိတ်သားဆီပြန်ဟင်းကို ထမင်းပူပူလေးနဲ.သုံးဆောင်နိုင်ပါပြီ
# Crd

Comments
Post a Comment