Skip to main content

အာလူးတိုရှည် လုပ်နည်း

ရုံးပိတ်ရက်မှာ မိသားစုနေ့လည်စာ ကောင်းကောင်းလေး ချက်ကျွေးချင်သူများအတွက် နာမည်ကျော် အိန္ဒိယအစားအစာ တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ အာလူးတိုရှည်ပါပဲ။ တိုရှည်မုန့်သားပေါ်မှာ အာလူးဟင်းလေး ဆမ်းထားပြီး အရသာလည်းရှိ၊ အာဟာရတန်ဖိုးလည်း ပြည့်ဝစွာ ပါဝင်ပါတယ်။ ပြုလုပ်နည်းလေးကတော့...
ပါဝင်ပစ္စည်းများ
တိုရှည် ပြုလုပ်ဖို့အတွက် ဆန် နို့ဆီဘူး (၂) လုံး၊ မတ်ပဲ နို့ဆီဘူး (၁) လုံး၊ ကုလားပဲ နို့ဆီဗူး (၁/၄) လုံး၊ ဇီယာစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ရေ (လိုအပ်သလောက်) တို့ကို လိုအပ်ပါတယ်။
အာလူးဟင်း ပြုလုပ်ဖို့အတွက်ကတော့ အာလူး (၈) လုံး၊ ကြက်သွန်နီ (၁) လုံး၊ ပဲခြမ်းဝါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲ၊ မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ မဆလာ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်သီးစိမ်း (၄) တောင့်၊ ငရုတ်သီးနီခြောက် (၅) တောင့်၊ ကရဝေးရွက် (၆) ရွက်၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း တို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ဆန်၊ မတ်ပဲ၊ ကုလားပဲတို့ကို ရောထည့်လိုက်ပြီး (၆) နာရီခန့်ကြာအောင် ရေစိမ်ထားပေးလိုက်ပါ။ (၆) နာရီကြာ ရေစိမ်ပြီးရင်တော့ ဆန်၊ မတ်ပဲနဲ့ ကုလားပဲတို့ကို တစ်ဝက်စီခွဲပြီး ကြိတ်စက်ထဲမှာ ညက်ညက်ကြေသည်အထိ ကြိတ်ပေးရပါမယ်။ ဇီယာစေ့နဲ့ နံနံစေ့မှုန့်တို့ကိုပါ ရောပြီး ရေမြုပ်ရုံထည့်ပြီး ကြိတ်ပေးလိုက်ပါ။ တစ်ဝက်ကြိတ်ပြီးရင် ကျန်တစ်ဝက်ကိုလည်း အလားတူပုံစံအတိုင်းပဲ ကြိတ်ပေးလိုက်ပါ။
မုန့်နှစ်ရည် ကြိတ်ပြီးရင်တော့ မုန့်နှစ်ရည်ကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီး အခန်းအပူချိန်နဲ့ တစ်ညသိပ်ပေးရပါမယ်။ အချဉ်ပေါက်စေဖို့အတွက် တစေး (yeast) လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုလည်း ထည့်ပေးလိုက်ပါဦး။ မုန့်နှစ်ရည် အချဉ်စိမ်ထားချိန်မှာ အာလူးဟင်းကို ချက်ထားလို့ရပါတယ်။
ဒယ်အိုးထဲမှာ ဆီ (စားပွဲတင်ဇွန်း (၃) ဇွန်း) ထည့်ပြီး ဆီပူလာပြီဆိုရင် ကြက်သွန်နီ၊ မုန်ညင်းစေ့၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးနီခြောက်၊ ကရဝေးရွက်တို့ကို ရောမွှေပြီး ဆီသတ်ပေးလိုက်ပါ။ ပြီးရင် အာလူး၊ ပဲခြမ်းဝါ၊ ဆားတို့ကိုပါ ရောထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ အာလူးနူးလောက်သည်အထိ ရေထည့်ပြီး အဖုံးအုပ်ထားပေးလိုက်ပါ။ ရေခမ်းသွားရင်တော့ အာလူးဟင်းကို ရပါပြီ။
တိုရှည်ကြော်ဖို့အတွက် တိုရှည်ဗန်းတစ်ချပ် လိုပါတယ်။ တိုရှည်ဗန်းကို ဆီအနည်းငယ်သုတ်ပြီး မီးအပူပေးလိုက်ပါ။ ပူပြီဆိုရင် ယောက်ချိုနဲ့ မုန့်နှစ်ရည် (၁) ဇွန်းကို ခပ်ပြီး လောင်းချလိုက်ပါ။ ပြီးရင် ဇွန်းဖင်နဲ့ဖိချလိုက်ပြီး မုန့်နှစ်တွေ အဝိုင်းပုံသဏ္ဍာန် ဘေးကိုကားထွက်သွားအောင် ဖြန့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ဆီ စားပွဲတင်ဇွန်း (၁) ဇွန်း ဆမ်းပေးလိုက်ပါ။
တိုရှည်အပေါ်မှာ ပြန့်သွားအောင် ဆီကိုလည်း ဖြန့်ပေးလိုက်ပါ။ တိုရှည်အရောင်ပြောင်းလာပြီး ဘေးသားလေးတွေ ကြွပ်လာပြီဆိုရင် အာလူးဟင်းကို အလည်မှာပုံပေးပြီး တိုရှည်ကို လိပ်ပေးလိုက်ပါ။ ခဏလောက် ကြော်ပေးပြီးရင် တိုရှည်ကို ဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပေးနိုင်ပါပြီ။ ကျန်တဲ့မုန့်နှစ်ရည်ကိုလည်း အထက်ပါအတိုင်း ဆက်ကြော်ပေးရင် တစ်မိသားစုလုံးအတွက် လုံလောက်တဲ့ တိုရှည်လေးတွေကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: Stylecraze


















Comments

Popular posts from this blog

အသားတုပြုလုပ်နည်း

Vegetarian Meat အသားတုကိုတော့နေရာအတော်များများမှာအခြောက်ဘဲအများဆုံးဝယ်လို့ရပါတယ်။လတ်ဆပ်တဲ့အသားတုအစို ကိုတော့အချို့ဒေသများမှာသာရောင်းလေ့ရှိပါတယ်။သတ်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေသလိုသာမန်သူတွေအတွက်လည်းအရသာသစ်တမျိုးနဲ့စားလို့ကောင်းတဲ့အသားတုဘဲဖြစ်ပါတယ်။ဒီနည်းလေးကိုတော့ဆိုဖီယာ့အန်တီလေးဆီကသင်ပါတယ်။အလွယ်တကူဝယ်ယူ၍မရနိုင်သောသူ များနှင့်စမ်းပြီးပြုလုပ်လိုသူများအတွက်လုပ်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။လုပ်စားကြ ည့်ကြရအောင်နော်။ ပါဝင်ပစ္စည်း ********* ဂျုံ (All Purpose Flour)- တစ်ကီလို ရေ - ၅၀၀ ml ပြင်ဆင်ပြုလုပ်ပုံ ************ ၁•ဦးစွာဇလုံတခုတွင်ဂျုံနှင့်ရေထည့်ပြီးသမအောင်နယ်ပေးပါ။ဂျုံသားများလုံးလာပါကပလပ်စတစ်အု ပ်ပြီးဆယ်မိနစ်ခန့်ထားပါ။ ၂•ဆယ်မိနစ်ခန့်နှပ်ထားပြီးပါကနောက်ထပ်တစ်ကြိမ်၂မိနစ်၃မိနစ်ခန့်နယ်ပေးပါ။ဂျုံသားပြောင်ချောလာပါကဇလုံတွင်ပြန်ထည့်ပြီးရေအပြည့်ထည့်ကာမိနစ်၂၀ခန့်စိမ်ထားပါ။ ၃•မိနစ်နှစ်ဆယ်ခန့်စိမ်ထားသောဂျုံလုံးကိုရေထဲ တွင်ဖိခြေပြီးနယ်ဆေးပေးပါ။ ၄•ဂျုံအနှစ်များထွက်လာပါကဇကာခံပြီးသွန်ပစ်ကာရေအသစ်ထည့်၍ထပ်ခါထပ်ခါပွတ်ချေပြီးဆေးပေးပါ။ ၅•အထက်ပါနည်းအတိုင်းအကြိမ်ကြိမ်ဆေးပေးပြီးရေမှ...

ဆော့စ်​လုပ်​နည်း အမျိုးမျိုး

ဘိတ်ချဉ်.... ဒါကတော့ ဟင်းပွဲအမျိုးမျိုးနဲ့တွဲဖက်စားလို့ရပါတယ်.နံကင် အခေါက်ကင်.အသားလုံး ဝက်လက်စွတ်ပြုတ်..စသဖြင့်.. . ပြုလုပ်ပုံ.... ကြက်သွန်ဖြူ သုံးမွှာလောက် ပါးပါးလှီး.. ငရုတ်သီး စိမ်းသုံးတောင့်ပါးပါးလှီး. . သံပုရာသီး နှစ်စိတ်လောက်ညစ်ထည့် . ဆား သကြား..အနည်းငယ်စီထည့်. ပဲငံပြာရည်​ အပျစ်အကျဲအနည်းငယ်စီ.. ရေ အနည်းငယ်ရယ်.ရောပီးသမပေးလို က်ရင်ရပီ... ======================================= ဒါက ပင်လယ်စာတွေနဲ့တွဲစားလို့ရတဲ့ဆောစ့် .ဥပမာ ငါးကင် ပုစွန် ကင်... ပြုလုပ်ပုံ...       ငရုတ်သီး စိမ်း အစိမ်းရောင်အတောင့်ကိုပဲအသုံးပြုပါ ပထမဆုံးငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာညက်အောင်ထောင်း...မ န်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ပဲ ခပ်ကျဲကျဲအနေထားတိုင်းဖျော် ထား.ဆား သကြား အရသာမူန့်အနည်းငယ်ထည့်ပြီးေ ရာသမမွှေပေးရင် ရပီ..ရိုးရှင်းပါတယ် . ====================================== ဒါက အကြော်စုံ နဲ့တွဲဖက်စားရတဲ့အချဉ်ရည်ပါ .... မန်းကျည်းရည်ပျစ်ပျစ်လေးဖျော်... ဂျင်းလက်တစ်ဆစ် ကြက်ဖြူနှစ်မွှာ.ငရုတ်သီးစိမ်း လေးတောင့် ခန့်ကို အရင်ညက်နေအောင်ထောင်း ပြီးရင်...

ချစ်တီးမဆလာပြုလုပ်နည်း

- - - - - - - - - - - - - - - - - ဒီနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း (တမီးလ်နာဒုပြည်နယ် ၊ ကယ်ရာလာပြည်နယ်ဘက်) မှာ စားသုံးကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မဆလာလုပ်နည်းကို တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ချစ်တီးမဆလာဆိုပြီး လူသိများပါတယ်။ သက်သတ်လွတ်ချစ်တီးပဲကုလားဟင်းတွေ ၊ ဆိတ်သားနှပ် ၊ အမဲသားနှပ် စတဲ့ အသားဟင်းတွေမှာ ထည့်သွင်းချက်ပြုတ်နိုင်ပြီး တကယ့် (ချစ်တီး) အိန္ဒိယအစားအစာ စစ်စစ်အနံ့အရသာကို ရရှိမှာဖြစ်ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ပါဝင်ပစ္စည်းများ နံနံစေ့ - ၁၀ သား ဇီယာစေ့ - ၃ ကျပ်သား ကုလားပဲခြမ်း - ၁ ဇွန်း (ထမင်းစားဇွန်း) သစ်ကြပိုးခေါက် - တစ်ချောင်း (အနေတော်အရွယ်) လေးညှင်းပွင့် - 10 ပွင့် ငရုတ်ကောင်းစေ့ - ၁ ဇွန်း (ထမင်းစားဇွန်း) မုန်ညှင်းစေ့ - ၂ ကျပ်သား ပဲနံ့သာစေ့ - ၂ ကျပ်သား ငရုတ်သီးခြောက် - ၁၀ တောင့် ဘိန်းစေ့ - ၂ ကျပ်သား ပျဉ်းတော်သိမ် - ၁ စည်း အုန်းသီးမှုန့် - ၂၀ သား “ နံနံစေ့ - 40-g“   “ ဇီယာ - 8-g“ “ နံနံစေ့ နှင့်စမုန်စပါးတို့အား အနံ့မွှေးလာသည်အထိ လှော်ပါ။ ထို့နောက် ဆယ်ယူထားပါ။“ “ က...